Android ဖုန်း/Tablet စတင်သုံးစွဲတဲ့ Users တွေအတွက် Android ဖုန်း/Tablet ထဲသို့ application,game သွင်းပုံသွင်းနည်းကို Step by Step Tutorials အနေနဲ့ရှင်းပြပေးလိုက်ပါတယ်။
အရင်ဆုံး ကွန်ပျူတာကနေ ဖုန်းထဲကို app,game သွင်းဖို့ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ WonderShare Mobile Go ဆော့ဝဲကိုအောက်က link မှာရယူလိုက်ပါ။
အပေါ်မှာပေးထားတဲ့ WonderShare Mobile Go ဆော့ဝဲကို ကွန်ပျူတာထဲကိုသွင်းပြီးသွားပြီဆိုရင်တော့ အခုသွင်းလိုက်တဲ့ WonderShare Mobile Go ဆော့ဝဲကိုဖွင့်လိုက်ပါ။
ပြီးရင် ဖုန်းရဲ့ USB Debugging Setting ကို On ပေးထားရမှာဖြစ်ပါတယ်။
-Android version 2.0 မှ 2.3.6 အထိဖုန်းများကို USB Debugging On နည်းကတော့ Setting > Application > Development > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။
-Android version 4.0 နှင့်အထက်ဖုန်းများကို USB Debugging On နည်းကတော့ Setting > Developer Options > USB Debugging ကိုအမှန်ခြစ်ပေးထားရမှာဖြစ်ပါတယ်။
-ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။
ချိတ်ဆက်လိုက်တယ်ဆိုရင် အောက်ကပုံထဲကအတိုင်း မိမိဖုန်းရဲ့ screen နဲ့ပေါ်လာပါမယ်။
ပေါ်လာပြီဆိုရင် app,game သွင်းဖို့အတွက် အောက်ပုံမှာပြထားတဲ့အတိုင်း Apps ဆိုတဲ့ခလုတ်ကိုနှိပ်ပါ။
(ပထမဆုံးစတင်ချိတ်ဆက်တဲ့ဖုန်းဆိုရင်တော့ ဖုန်း driver သွင်းတဲ့အချိန်ပါထည့်တွက်ရင် တစ်မိနစ်ခန့်ကြာပြီးမှ အောက်က screen မျိုးပေါ်လာမှာပါ)
ဖုန်းထဲသို့ဆော့ဝဲသွင်းရန် “Install” ဆိုသောခလုတ်ကိုနှိပ်ပါ။
ပြီးလျှင် ကွန်ပျူတာထဲတွင် အသင့် download လုပ်ထားသော android ဆော့ဝဲဖိုင် (apk ဖိုင်) ကိုရွေးပေးပါ။ ပြီးလျှင် Open ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
မိမိရဲ့ဖုန်းထဲသို့ ဆော့ဝဲစတင်သွင်းနေပြီကို မြင်ရပါမယ်။ အောက်ပုံအတိုင်းပါ။
သွင်းပြီးသွားပြီဆိုရင်တော့ အောက်ပုံထဲကအတိုင်းမြင်ရပါမယ်။
ကဲ… အခုဆိုရင်တော့ မိမိရဲ့ဖုန်းထဲမှာ အခု ကွန်ပျူတာကနေ သွင်းလိုက်တဲ့ software လေးရောက်ရှိနေပြီဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
Extra-Download links [ Tusfiles ][ ADrive ]
from မြန်မာ Mobile Application စတိုး by သက်နိုင်စိုး








No comments:
Post a Comment