Sunday, 17 February 2013
Virus များကြောင့် File၊ Folder များပျောက်ဆုံးနေလျင်
ကွန်ပျူတာတွင်ဖြစ်စေ၊ Flash Drive များတွင်ဖြစ်စေ Virus များကြောင့် File၊ Folder များပျောက် ဆုံးနေပြီး Use space တွင်လည်းအဆိုပါ File များကိုသိမ်းဆည်းထားသည်ဟု ဖော်ပြနေပါက
အောက်ပါအတိုင်းလုပ်ဆောင်ခြင်းဖြင့် File၊ Folder များကိုပြန်လည်တွေ့ရှိရမည်ဖြစ်ပါသည်။
ထိုသို့ပြု လုပ်ခြင်းသည် Virus များကို ရှင်းလင်းခြင်းမဟုတ်ပဲ Virus Effect ကြောင့်ပျောက်ဆုံးနေသည့် Data များကိုသာ ရှာဖွေခြင်းဖြစ်ပါသည်။
ထို့ကြောင့် Data များကိုရှာဖွေပြီးသော်လည်း Virus ကိုရှင်းလင်း ရန် လိုအပ်မည်ဖြစ်ပါသည်။
၁။ Start မှတစ်ဆင့် Run Box တွင် regedit ဟုရေးသား၍ Registry Editor သို့ဝင်ရောက်ရပါမည်။
၂။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows\
CurrentVersion\ Explorer\ Advanced\ FolderHidden\ SHOWALL ထိရောက်စေရန် အဆင့်ဆင့် ၀င်ရောက်ရပါမည်။
၃။ SHOWALL ကို Left Cclick ဖြင့်နှိပ်၍ ညာဘက် Box (Pane) အတွင်းရှိ CheckedValue ကို Right Click မှတစ်ဆင့် Modify သို့ဝင်ရောက်ရပါမည်။ ValueData တွင် ၀(သုည) ကို 1 ဟုပြောင်း လဲပေးရပါမည်။
၎။ အကယ်၍ ညာဘက် Box (Pane) အတွင်း၌ CheckedValue ကိုမတွေ့ရှိပါက SHOWALL ကို Right Click နှိပ်၍ New မှတစ်ဆင့် DWORD (32-bit) Value ကိုတည်ဆောက်ပေး၍ အမည်ကို CheckedValue ဟုပေး၍ Value ကို 1 ဟုပေးရပါမည်။
၅။ ထို့နောက်ကွန်ပျူတာကို Restart ချပြီးနောက် Hidden ဖြစ်နေသည့် File၊ Folder များကိုပြန်လည် တွေ့ရှိရမည်ဖြစ်ပါသည်။
ချယ်ရီမြေတွင် MinSoe ၏ ပို့စ်အားကူးယူမျှဝေသည်။
Subscribe to:
Post Comments (Atom)



No comments:
Post a Comment