မင်္ဂလာပါ ... ကျွန်တော်မင်းချစ်သူရဲ့ဝက်ဆိုက်လေးက ကြိုဆိုပါတယ် ခင်ဂျာ .... ဓါတ်ပုံတင်ရန် View All Comments

Tuesday, 1 October 2013

လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း



လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကို ပြန်သုံးနိုင်နည်း ပုံမှန်သုံးလာတဲ့ လက်ကိုင်ဖုန်း ဘက်ထရီဟာ တဖြေးဖြေးနဲ့ အသုံးမခံ တော့တာတွေ့ ရတတ်ပါတယ်။ အားသွင်းထား ပေမယ့်လည်း ခဏလေးနဲ့ အားကုန် သွားတာဟာ ဘက်ထရီမကောင်းတော့လို့ ဖြစ်ပါတယ်။ အဲ့ဒီဘက်ထရီကို အသုံးခံအောင် အားပြည့်လာအောင် လုပ်ကြရအောင်ပါ။ အသုံးပြုရမယ့်ပစ္စည်းတွေကတော့............... 
၁) သတင်းစာစက္ကူအပွစား 
၂) ကပ်ကြေး (လက်နဲ့ ဖြတ်လည်းရပါတယ်)
၃) သားရေကွင်း
၎) ပလပ်စတစ်အိတ်(ဟင်းထုတ်အိတ်အရွယ်) 
၅) ရေခဲသေတ္တာ ပြုလုပ်ပုံအဆင့်ဆင့် - 
သတင်းစာစက္ကူအပွစားကို (A4) အရွယ်ရဲ့  တ၀က်စာလောက် အရွယ်ကို ဖြတ်ပါ။
(ဘက်ထရီအကြီး အသေးပေါ်မူတည်ပြီးစက္ကူကိုဖြတ်ပါ) -
လက်ကိုင်ဖုန်းဘက်ထရီအဟောင်းကိုဖြတ်ထားတဲ့စက္ကူတစ်ရွက်နဲ့အထပ်ထပ်ထုပ်ပါ။ သားရေကွင်းနဲ့ စည်းပါ။ - စက္ကူနဲ့ ထုတ်ထားတဲ့ ဘက်ထရီကို ပလပ်စတစ်အိပ်နဲ့  လိပ်ပတ်ပြီးပြန်ထုပ်ပါ။ ထုပ်ပြီးသား လက်ကိုင်ဖုန်းဘက်ထရီကို ရေခဲသေတ္တထဲက ပုံမှန်အခန်းမှာ ၃ ရက်ထဲ့ထားပါ။ ရေခဲသေတ္တထဲမှာ ၃ရက်ပြည့်ပြီးနောက်ပြန်ထုတ်ပါ။ ပလပ်စတစ်အိပ်နဲ့ စက္ကူကို ဖြေပါ။ - ပုံမှန်အပူချိန်ရှိတဲ့ မိမိနေအိမ်ရဲ့ တနေရာရာမှ ၃ ရက်ထားပါ။ ၃ ရက် ထားပြီးနောက် အဲ့ဒီဘက်ထရီကို ၈ နာရီကြာ အားသွင်းပါ။ အဲ့ဒီလိုအားသွင်းပြီးရင်တော့ အသုံးခံတဲ့ ဘက်ထရီဖြစ်လာပါလိမ့်မယ်။

No comments:

Post a Comment